Directorate of Investment and Company Administration (Yangon Branch)
MIC Permitted Companies Online Visa Application System
Only Companies with MIC Permit or MIC Endorsement
or Region/State Endorsement are Allowed to Register.
Only for whom with a Business Visa
can be Apply.
MIC ခွင့်ပြုမိန့် သို့မဟုတ် MIC အတည်ပြုမိန့်
သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် အတည်ပြုမိန့် ရရှိထားသော ကုမ္ပဏီများသာ
မှတ်ပုံတင်ရန်။
လုပ်ငန်းဗီဇာရှိသူများအတွက်သာ လျှောက်ထားနိုင်သည်။
MOVAS စနစ်
အသုံးပြုရန်အတွက် Account မရှိသေးလျှင် Join Us ကို နှိပ်ပါ။
ကုမ္ပဏီများအနေဖြင့် ဘွဲ့လက်မှတ်များနှင့် စာရွက်စာတမ်းများအား မမှန်မကန် လိမ်လည်တင်ပြပါက တည်ဆဲဥပဒေအတိုင်း အရေးယူမည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊
တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့်
လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများသည် MOVAS စနစ်၌ နိုင်ငံခြားသား ပညာရှင်များ၏ နေထိုင်ခွင့်
သက်တမ်းတိုးထောက်ခံချက် လျှောက်ထားရာတွင် အလုပ်သမားမှတ်ပုံတင်ကတ်ကို ပူးတွဲလျှောက်ထားရန်နှင့်
ဒုတိယအကြိမ် နေထိုင်ခွင့်သက်တမ်းတိုးမြှင့် ထောက်ခံချက်လျှောက်ထားလာပါက သက်တမ်းရှိသည့်
အလုပ်သမားမှတ်ပုံတင်ကတ်ရှိသော နိုင်ငံခြားသား ပညာရှင်များ၏ နေထိုင်ခွင့်ကိုသာ ထောက်ခံချက်
ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် အလုပ်သမား မှတ်ပုံတင်ကတ်များအား ပြုလုပ်ထားရန်နှင့် သက်တမ်းတိုးထားရန်
လိုအပ်ပါကြောင်း၊ အလုပ်သမား မှတ်ပုံတင်ကတ် လျှောက်ထားခြင်းမရှိပါက MOVAS System မှ အလိုအလျောက်
ငြင်းပယ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကြိုးဖုန်းများ ပြတ်တောက်သွားပါသဖြင့် ၀၉၂၅၆၇၁၃၀၂၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားခြင်းကိုသာ လက်ခံတော့မည် ဖြစ်ပါသည်။